Welcome

Jawng ma num kasha blog kaw na hkap tau la ga ai. Welcome come from School Girl blog. ကျောင်းသူလေး ဘလောဒ့်မှ ကြိုဆိုပါတယ်ရှင်။

Wednesday, June 29, 2011

Tax (အခွန်)






Tax ( အခွန်)
   



သူငယ်ချင်းတို့ ဘ၀မှာ အခွန်ဆောင်ဖူးကြလား။ ဆောင်ဖူးတယ်ဆိုရင်လည်း ကိုယ်ဆောင်ရတဲ့ အခွန်က ဘာအတွက် ဆောင်ရသလဲ   ဆိုတာတော့ သိခဲ့ဖူးလား။ အခုလိုမေးနေလို့  “ ငါတို့  ကိုဘာမှမသိတဲ့ လူများ မှတ်နေလား” ဆိုပြီး မထင်ကြပါနဲ့ ။ တကယ်တော့ ကျနော် ကိုယ်တိုင်က အသက် 20 လောက်ထိ အခွန်ဆောင်နေပြီး ကိုယ်ဆောင်တဲ့ အခွန်က ဘာကြောင့် ဆောင်ရလဲ ဆိုတာ မသိလို့ ပါ။ တစ်ချို့ အခွန်ကတော့ ဘာကြောင့်ဆောင်ရတယ် ဆိုတာ သိပေမဲ့ တစ်ချို့ ကို သိပ်မသိခဲ့ပါဘူး။
          သိပြီးသား သူငယ်ချင်းတွေကော မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ အခွန်ဆိုတာဘာလဲ၊ ဘယ်လိုအခြေအနေတွေမှာ အခွန်ကောက်သလဲ၊ ဘယ်သူတွေကောက်သလဲ၊ ကောက်လို့ ရတဲ့ အခွန်တွေကို ဘယ်နေရာမှာ သုံးသလဲဆိုတာ ကျနော်သိသဘောက် ဝေမျှချင်ပါတယ်။
          ပထမတော့ အခွန်ဆိုတာကိုဘာလဲ ဆိုတော့ လူတစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် စီးပွားရေးလုပ်နေတဲ့ လူတွေကနေပြီး ကိုယ့်ရက်ရွာ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရ ကို ပေးဆောင်ရတဲ့ ပိုက်ဆံပဲဖြစ်ပါတယ်။အခွန်ပေးဆောင်ရတဲ့ ပုံစံ နှစ်မျိုးရှိပါတယ်။
Direct tax ( တိုက်ရိုက်ခွန်)
Indirect tax ( သွယ်ဝိုက်ခွန်) တို့ ဖြစ်ပါတယ်။
Direct tax ကတော့ လူတစ်ယောက် ဒါမှမဟုတ် စီးပွားရေး လုပ်နေတဲ့ အဖွဲ့ အစည်းကနေ ပေးဆောင်ရတာမျိုး ဖြစ်တယ်။ ဥပမာ ကိုယ့်လုပ်အားခကနေ အစိုးရကို အခွန်ပြန်ပေးရတာမျိုး ဖြစ်ပါတယ်။
Indirect tax ကတော့ ကုန်တိုက်တွေမှာ ပစ္စည်းဝယ်ရင် ပေးရတဲ့ Value Added Tax ( VAT) ကို ပေးဆောင်ရတာပဲဖြစ်ပါတယ်။ ထိုင်းမှာကတော့ 7% ပေးရပါတယ်။
          ကျနော်တို့ ပေးဆောင်ရအခွန်ကို ကောက်ခံနေတဲ့လူတွေကတော့ ပြည်သူတွေက ရွေးကောက်တင်မြှောက်ထားတဲ့ တရားဝင် အစိုးရဖြစ်ပါတယ်။ သူတို့ ဟာ ပြည်သူတွေစီက ရတဲ့အခွန်နဲ့ တိုင်းပြည်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ နိုင်ငံတော် ကာကွယ်ရေးအတွက် အသုံးပြုပါတယ်။ ပညာရေးမှာကတော့ ကျောင်းတွေ ကျောင်းနဲ့ ဆိုင်တဲ့ သင်ထောက်ကူတွေ ဆရာ/ဆရာမ လစာတွေအတွက် အသုံးပြုပါတယ်။ ကျန်းမာရေးအတွက်ကတော့ ဆေးရုံ၊ ဆေးပေးခန်း၊ ကျန်းမာရေးနဲ့ ဆိုင်တဲ့ ဆေး၊ ပစ္စည်းကိရိယာတွေ ၀ယ်ယူဖို့ နဲ့ အစိုးရ ဆေးရုံဝန်ထမ်းတွေရဲ့ လစာအတွက် အသုံးပြုပါတယ်။ လမ်းပန်းဆက်သွယ်ရေးကတော့ တံတားဆောက်မယ်၊ လမ်းဖောက်မယ်၊ လမ်းတွေ ပြုပြင်ထိန်းသိမ်းမယ်၊ တိုင်းပြည်နေ ပြည်သူတွေအတွက် သွားရေးလာရေးအဆင်ပြေဖို့  အတွက် ပြုလုပ်ပေးပါတဲ့ နေရာမှာ အသုံးပြုပါတယ်။ တိုင်းပြည်ကိုကာကွယ်ဖို့ စစ်တပ်နဲ့  ဆိုင်တဲ့ ကိစ္စတွေမှာလည်း အခွန်က ရတဲ့ငွေနဲ့ အသုံးပြုကြပါတယ်။
ကျနော်ပြည်သူတွေကလည်း အခွန်ကို ပုံမှန်ပေးဆောင်ရပါတယ်။ ပြည်သူတွေ အခွန်ပုံမှန်ဆောင်မှ အစိုးရအနေနဲ့ သူတို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ကောင်းမွန်စွာ လည်ပတ်နိုင်မှာပါ။ တိုင်းပြည်တစ်ပြည်မှာ အစိုးရနဲ့ ပြည်သူတွေရဲ့ လုပ်ဆောင်ချက် ရှင်းလင်းနေမှ တိုင်းပြည်တိုးတက်ဖို့ ဖြစ်လာနိုင်ပါတယ်။ အဲထဲမှာမှ အခွန်ဆိုတာကလည်း အရေးကြီးတဲ့ အခန်းမှာ ပါဝင်နေပါတယ်။ ကျနော် သိသလောက် ဆွေးနွေးကြည့်တာပါ၊ သူငယ်ချင်းတို့ ဝေမျှချင်တာရှိရင် လည်း ကျနော် သိအောင် ပြန်ဝေမျှပေးပါအုံးလို့  တောင်းဆိုပါတယ်။ အမြင်တွေ သဘောထားတွေကိုလည်း ပြောပြပေးပါ။


P.S အခွန်ကောက်ခံခြင်းနဲ့ ဆိုင်တာကို တရားဝင် အစိုးရကပဲ လုပ်ပိုင်ခွင့် ရှိပါတယ်။

3 comments:

thax for your sharing friend.
carry on your blogging...

with respect
koo

ကျေးဇူး မကူးလား ကိုကူးလား ပထမဆုံး ကော်မန့် လေးပဲ။ ဟိဟိ

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More