သမိုင်းဆိုတာ အတိတ်က ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို လေ့လာတာပါ။ သမိုင်းအဖြစ်အပျက်တွေကို အခြေအနေ(၃)မျိုးမှာ လေ့လာကြပါတယ်။
- အရေးကြီးတဲ့ အဖြစ်အပျက်တွေလေ့လာခြင်း။
- ပြောင်းလဲမှု၊ ဖြစ်ပျက်ခဲ့မှုတွေကို လေ့လာခြင်း။
- ထင်ရှားကျော်ကြားတဲ့ လူပုဂ္ဂိုလ်တွေ အကြောင်းလေ့လာခြင်း။ အဲလိုပုဂ္ဂိုလ်တွေကတော့ အဖြစ်အပျက်တစ်ခုခု အပေါ်သူတို့ ရဲ့ လွမ်းမိုးမှု၊ သူတို့ ကြောင့် ကမ္ဘာကြီး တစ်ဆစ်ချိုးပြောင်းလဲခဲ့လို့  ပါပဲ။
ကိုယ်လေ့လာတဲ့ဖြစ်ရပ် ဖြစ်ပျက်ခဲ့တဲ့ နေရာတစ်ခုတည်းကိုသာ လေ့လာခြင်းမဟုတ်ပဲ၊ သူနဲ့ ဆက်နွယ်နေတဲ့ အခြားအကြောင်းအရာတွေကိုလည်း လေ့လာရမှာဖြစ်ပါတယ်။
သဲလွန်စတွေ၊ ရှာဖွေတွေ့ ရှိမှုတွေ ပုံစံမတူတာတွေကို စုပြီးနောက် အကြောင်းအရာဖွင့်ဆို အဲဒါတွေကို လေ့လာခြင်းလာခြင်းဖြင့် ရှေ့ ဘာဖြစ်မလဲဆိုတာကိုတောင် ခန့် မှန်းလို့ ပါတယ်။
သမိုင်းကိုလေ့လာမယ်ဆို အဓိက လိုအပ်ချက်ကတော့ ခိုင်လုံတဲ့ historical source (သမိုင်း အထောက်အထား) ပဲဖြစ်တယ်။ သမိုင်းအထောက်အထားမှာ မူလအရင်းအမြစ်နဲ့  တဆင့်ခံ အရင်း အမြစ်တို့  ပါဝင်ပါသည်။ ကိုယ်လေ့လာတဲ့ သမိုင်းက တိကျမှုရှိလား ဘယ်လောက် မှန်ကန်လဲဆိုတာ historical source နဲ့ တိုင်းတာလို့ ရပါတယ်။ သမိုင်းကို လေ့လာတယ်ဆိုတာက လာမဲ့ ရှေ့ နှစ်ပေါင်း ၅၀မှာ ဘာတွေဖြစ်နိုင်လဲဆိုတာကို လွန်ခဲ့တဲ့ နှစ် ၅၀ တုံးက ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သိမှ ဖြစ်မှာမို့ ပါ။
1 comments:
History is the witness that testifies to the passing of time, it illuminates reality, vitalizes memory, provides guidance in daily life, and brings us tidings of antiquity.
try ur best sis.....
with respect,
koo
Post a Comment