Welcome

Jawng ma num kasha blog kaw na hkap tau la ga ai. Welcome come from School Girl blog. ကျောင်းသူလေး ဘလောဒ့်မှ ကြိုဆိုပါတယ်ရှင်။

Monday, July 11, 2011

Black Markets (မှောင်ခိုဈေးကွက်)

                တရားမ၀င်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ( ခိုးရာပါပစ္စည်းကအစ) ဒါမှမဟုတ် ထုတ်ကုန်တွေ ထုတ်လုပ်ပြီး ရောင်းချတဲ့အချိန် အခွန်၊ လိုင်စင် ရှောင်တာတွေ  အားလုံးကို မှောင်ခိုဈေးကွက် လို့  ခေါ်ပါတယ်။

Black Markets
                အစိုးရကနေပြီးတော့ ထုတ်ကုန်တွေအပေါ် ကန့်  သတ်ထား တဲ့အချိန်၊ ကုန်စည်နဲ့  ၀န်ဆောင်မှုတွေရဲ့ ရောင်းလိုအား ဟာ ဈေးကွက်ရဲ့ ၀ယ်ယူမှုနဲ့  ပြသနာ ဖြစ်နေတဲ့ အချိန်တွေ၊ ပစ္စည်းအတုတွေ ထုတ်လုပ်မှုအပေါ် တားမြစ်တဲ့ ဥပဒေ တင်းကျပ်မှု မရှိချိန်မှာ မှောင်ခိုဈေးကွက်ဟာ တိုးလာပါတယ်။  မှောင်ခို ဈေးကွက်ဟာ စီးပွားရေး အားလုံးတိုင်းမှာရှိနေပါတယ်၊ ဒါပေမဲ့ တားမြစ်တဲ့ဥပဒေ အားနည်းတဲ့ နေရာတွေမှာ ပိုများပါတယ်။
                တစ်ခါတစ်လေမှာ မှောင်ခိုဈေးကွက်က ကုန်စည်တွေက အပြင်မှာ ရောင်းတဲ့ ကုန်စည်တွေထက် ဈေးပေါနေတတ်ပါတယ်။ အဲဒါဘာဖြစ်လို့ လဲဆိုတော့ သူတို့ က ထုတ်ကုန်တွေအပေါ် အခွန်ပေးဆောင်မှု မရှိလို့ ပါပဲ။ တစ်ခါတစ်လေမှာတော့ မှောင်ခိုဈေးကွက်က ပစ္စည်းတွေက ဈေးအရမ်းကြီးတတ်ပါတယ် ဘာလို့ လဲဆိုတော့ အဲပစ္စည်းတွေက ရှားပါးပြီး ရရှိဖို့ ခက်ခဲတဲ့ အခြေအနေ နဲ့ တရား မ၀င်လို့ ပါ။
       

1 comments:

မှောင်ခိုဈေးကွက်က ပစ္စည်းတွေက ပေါချောင်ကောင်းတော့ ရှားတတ်တယ်..
quality တွေ စုနေတာ များတယ်။
ဘာလို့သိလဲဆိုတော့ မှောင်ခိုကို အားပေးနေကြမို့လို့....:P

လေးစားစွာဖြင့်
koo

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More