Welcome

Jawng ma num kasha blog kaw na hkap tau la ga ai. Welcome come from School Girl blog. ကျောင်းသူလေး ဘလောဒ့်မှ ကြိုဆိုပါတယ်ရှင်။

Thursday, July 7, 2011

ပန်းတစ်ပွင့်ရဲ့ အစိတ်အပိုင်း

ပန်းတစ်ပွင့်ကို အစိတ်အပိုင်းခွဲမယ်ဆို 4 ပိုင်းရပါတယ်။

  1. ပွင့်ဖတ်အုံ =  Calyx
  2. ပွင့်ချပ်အုံ  = Corolla
  3. ဖိုအင်္ဂါအုံ   = Androecium
  4. မအင်္ဂါအုံ   = Gynoeicum
Calyx(ပွင့်ဖတ်အုံ)

Calyx ဟာပန်းပွင့်ရဲ့ အပြင်ဖက်ဆုံး မှာတည်ရှိပြီး ပုံမှန်အားဖြင့် သေးငယ်တဲ့ အစိမ်းရောင် အရွက်လေး ဖြစ်ပါတယ်။ သူ့ ရဲ့ အလုပ်ကတော့  ပန်းပွင့်မပွင့်ခင် ဖုံးအုပ်ကာကွယ်ပေးတာပါ။ တစ်ခါတစ်လေမှာ Calyx က ကြီးမားပြီး တောက်ပတဲ့ အရောင် ဖြစ်တတ်ပါတယ်။

Corolla (ပွင့်ချပ်အုံ)

Corolla ကတော့ ပန်းပွင့်ရဲ့ ဒုတိယ အလွှာဖြစ်ပါတယ် ဖြစ်ပြီး တောက်ပတဲ့ အရောင်ရှိပါတယ်။ အရောင်ထွက်ဖို့ အတွက် anthocyanin ( နီပြာရောင်ချယ်) နဲ့  carotenoids ( ၀ါရွှေရောင်ချယ်) တို့ ကနေ အရောင်ချယ်ပေးပါတယ်။ ပန်း အနံ ရဖို့ ကိုတော့ ပွင့်ချပ်ရဲ့ နံမွေးဆီက ပြုလုပ်ပေးပါတယ် ။အဲလို အရောင် တွေ အနံတွေ ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ၀တ်မှုန်ကူးပေးမဲ့ ပိုးမွား လေးတွေကို ဆွဲဆောင်ဖို့ ပါ။


Androecium (ဖိုအင်္ဂါအုံ)

Andiroecium ကတော့ ပန်းပွင့်ရဲ့ တတိယ အလွှာဖြစ်ပါတယ်။ သူကတော့ ဖိုမျိုးပွား အင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဖိုမျိုးပွား အင်္ဂါတွေဟာ ပွင့်ချပ်ဘယ်နှစ်ချပ်ရှိတယ်ပေါ်မူတည်ပြီး အနည်းအများ ကွာခြားပါတယ်။ ဖိုအင်္ဂါလေးက သေးမျှင်တဲ့ တဲ့ အတိုင်လေးဖြစ်ပြီး ၀တ်မှုန်အိတ်က အတိုင်ရဲ့ ထိပ်မှာ ရှိပါတယ်။ သူ့ ရဲ့တာဝန်ကတော့ အပင်အတွက် ၀တ်မှုန်ထုတ်လုပ်ပေးတာပါ။ ၀တ်မှုန်အစေ့မှာ အဖိုမျိုးပွား ဆဲလ် ဒါမှမဟုတ် ဂမိပါဝင်ပါတယ်။

Gynoecium (မအင်္ဂါအုံ)


Gynoecium ကတော့ နောက်ဆုံး အလွှာဖြစ်ပြီး ပန်းပွင့်ရဲ့ အလယ်မှာ ရှိပါတယ်။ အမမျိုးပွား အင်္ဂါ အစိတ်အပိုင်းဖြစ်ပါတယ်။  မအင်္ဂါကို မျိုးဥအိမ်၊ ၀တ်မှုန်ခံ ၊ ၀တ်မှုန်ခံတိုင်တို့ နဲ့ ဖွဲ့ စည်းထားပါတယ်။ အောက်ခြေက ဖောင်းကနေတဲ့ မအင်္ဂါ ကတော့ မရင့်မှည့်သေးတဲ့ မျိုးစေ့တွေ  သိမ်းဆည်းထားထဲ့ မျိုးဥအိမ်ဖြစ်ပါတယ်။ မျိုးဥအိမ်ကနေအပေါ်ကို ထိုးထွက်နေတဲ့ သေးငယ်တဲ့ အတိုင်လေးကတော့ ၀တ်မှုန်ခံတိုင်ဖြစ်ပါတယ်။ ၀တ်မှုန်ခံတိုင်ရဲ့ ထိပ်က ကွဲထွက်နေတဲ့ အရာကတော့ ၀တ်မှုန်ခံဖြစ်ပြီး မျိုးပွားဖို့ အတွက် လိုအပ်တဲ့ ဖိုဝတ်မှုန်တွေ ကူးလာဖို့ နေရာဖြစ်ပါတယ်။

အပင်အမျိုးအစား

အပင်အမျိုးအစား 2မျိုးပဲရှိပါတယ်။
ပြည့်စုံတဲ့ ပန်းနဲ့ မပြည့်စုံတဲ့ ပန်း ပါ။  ပန်းပွင့်မှာ အဖိုအင်္ဂါတွေ (သို့ ) အမအင်္ဂါတွေ ကြီးပဲရှိပြီး အဖိုအမ အင်္ဂါပူးတွဲမပါတဲ့ ပန်းပွင့်မျိုးကို မပြည့်စုံတဲ့ ပန်းလို့ ခေါ်ပြီး၊ ပန်းပွင့်မှာ အဖိုအင်္ဂါနဲ့ အမအင်္ဂါ နှစ်ခုလုံး ပေါင်းစပ်ပါဝင်နေရင်တော့ ပြည့်စုံတဲ့ ပန်းလို့ ခေါ်ပါတယ်။


Parts of a flower

1 comments:

ဟုတ်ကဲ့..ကျွန်တော် သေချာမှတ်သွားပါတယ်..
ဆက်လက် blogging လုပ်နိုင်ပါစေ......:)

by da way,အိမ်ရောက်ရင်တော့ အိမ်ရှေ့ က ပန်းပင်ကို သေချာကြည့်ရမယ်..
ဒီကောင် အထီးလား၊အမလား မသိသေးဘူး...:P
လေးးစွာဖြင့်
koo

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More