1952 ခုနှစ်မှာ လက်နက်ကိုင် အင်အားစုတွေနဲ့ တိုက်ပြီး အစိုးရ အာဏာ ပြန်ရရှိခဲ့ချိန်မှာ တိုင်းပြည်တိုးတက်ဖို့  အတွက် စီမံကိန်းတွေ ရေးဆွဲလာကြပါတယ်။ အဲဒီအတွက် စိန်ခေါ်မှုတွေလည်း အများကြီး ကြုံတွေ့ ခဲ့ရပါတယ်။ လက်နက်ကိုင်တွေနဲ့ အစိုးရကြား ဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ တိုင်းပြည်အခြေအနေကို ဆိုးဝါးစေခဲ့ပါတယ်။ လူတွေဟာ မြေအိမ်ယာတွေ ရွှေ့ ပြောင်းခံရပြီး တစ်ချိန်တည်းမှာပဲ ရာဇ၀တ်မှုတွေလည်း ပေါများလာပါတယ်။ အဲလိုပေါများလာခြင်းကို လေ့လာရင် လူတွေ မတရားဆင်းရဲနေတာရယ်နဲ့ သေနတ်တွေကို လွယ်ကူစွာ ရရှိနေလို့ ပဲဖြစ်ပါတယ်။
အဲဒီပြသနာတွေကိုဖြေရှင်းနိုင်ဖို့ အတွက် အလွန်တရာမှ ခက်ခဲလှပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲအချိန်ဟာ ဗမာနိုင်ငံကို အုပ်ချုပ်လာတဲ့ British နဲ့ အစိုးရလုပ်ငန်းတွေမှာ လုပ်ဆောင်နေတဲ့ အိန္ဒယလူမျိုးတွေဟာဗမာပြည်ကနေ လျှင်မြန်စွာ ထွက်ခွာသွားလို့ ပါပဲ။ လူအနည်းငယ်သာ အစိုးရလုပ်ငန်းတွေမှာ အစားထိုးဖို့ အတွက် သင်တန်းတက်ခဲ့ရပါတယ်။
ဘယ်လိုပြသနာတွေ ဖြစ်နေပါစေ၊ ပါလီမန် အစိုးရကတော့ လူမှုရေး၊ စီးပွားရေးတွေ တိုးတက်ဖို့ အတွက် 1950 ပတ်ဝန်းကျင်လောက်ကတည်းကနေ စတင်ခဲ့ပါတယ်။ နိုင်ငံတစ်ကာ ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းကို တိုးမြှင့်လိုက်တဲ့နောက် ဗမာပြည်ကနေ ဆန်ကို ပို့ ကုန်အဖြစ် သတ်မှတ်ပီး တစ်ခြား တိုင်းပြည်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို သွင်းကုန်အဖြစ် တင်သွင်းကြပါသည်။ အရှေ့ တောင် အာရှမှာ မြန်မာနိုင်ငံဟာ အချမ်းသာဆုံး စာရင်းဝင်ဖြစ်ခဲ့ရပါတယ်။ အစိုးရအနေနဲ့ လည်း ပညာရေး၊ အခြေခံအဆောက်အအုံတွေနဲ့ ၊ ကူးသန်းသွားလာနိုင်ရေးစီမံချက်တွေကို အဓိကကျတဲ့ နေရာတွေမှာ လုပ်ဆောင်လာပါတယ်။ အစိုးရကျောင်းတွေနဲ့  စာဖတ်ခန်းတွေဟာ မြို့ ပြမှာ ဖွင့်လာကြတယ်။ နောက်တစ်နည်းကတော့ မြေယာအများကြီးပိုင်ဆိုင်တဲ့လူတွေဆီက မြေယာတွေသိမ်းပြီး မြေယာမရှိတဲ့လူတွေကို ပြန်မျှဝေတာပါပဲ။ ကျေးရွာစီမံချက်တွေအနေနဲ့ လည်း ရွာတွေကို ပိုက်ဆံတွေထုတ်ပေးပြီး လမ်းတွေဆောက်လုပ်ခိုင်းပါတယ်။ အဲဒီစီမံချက်ဟာမအောင်မြင်ခဲ့ပါဘူး ဘာလို့ လဲဆိုတော့ သူတို့ လုပ်ဆောင်ချက်ဟာ သူတို့ လုပ်နေတဲ့ နေရာနဲ့ အံဝင်ခွင်ကျမဖြစ်လို့ ပါပဲ။
လူမှုရေးနဲ့ စီးပွားရေး လုပ်ငန်းတွေကောင်းမွန်လာခြင်းကြောင့် လူမှုအဖွဲ့ အစည်းလေးတွေက လည်း အင်အားရှိလာပါတယ်။ လူတွေဟာ နိုင်ငံရေးကို လွတ်လပ်စွာ ဆွေးနွေးနိုင်ကျတယ်။ သတင်းစာတွေကအစလွတ်လပ်ခွင့်တွေရရှိလာပါတယ်။ ဒါကြောင့် လူတွေဟာ ဆိုင်ရာ သမဂ္ဂတွေဖွဲ့ စည်းလာပါတယ်။ အလုပ်သမားသမဂ္ဂ၊ အမျိုးသမီးသမဂ္ဂ၊ လူငယ်သမဂ္ဂ တွေပေါ်ပေါက်လားပြီး ခဏအတွင်း အင်အားကြီးမားလာကြပါတယ်။ အဲအဖွဲ့ တွေဟာ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ ပက်သတ်ပြီး သူတို့ ရဲ့ ထင်မြင်ယူဆချက်တွေကို ဝေမျှဖို့ စုပေါင်း လုပ်ဆောင်လာကြပါတယ်။ တစ်ခါတစ်လေမှာတော့ သူတို့ ဟာ သဘောတူညီမှုတွေယူပြီး စည်းလုံး ညီညွှတ်တဲ့ အဖွဲ့ အစည်းတွေကို ထည်ထောင်ကြတယ်။ တစ်ချိန်တည်းမှာပဲ စာပေယဉ်ကျေးမှုနဲ့ အနုပညာယဉ်ကျေးမှုတွေလည်း ထွန်းကားလာပါတယ်။ မြို့ ပြတွေမှာလည်း ပညာတတ် ယဉ်ကျေးမှုက ကြီးထွားလာပါတယ်။
ဘယ်လိုပဲ တိုးတက်မှုတွေရှိလာတယ် ပြောနေကြပေမဲ့ လူမှုရေးတင်းမာမှုတွေကတော့ ရှိနေဆဲပါ။ ဖွံ့ ဖြိုးတိုးတက်မှုတွေဟာ မြို့ ပြနဲ့ ကျေးလက်ကြားမှာ အများကြီး ကွာခြားနေခဲ့ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ လည်း ဒီကွာခြားမှုကြီးအပေါ် တရားမျှတမှုမရှိဘူးလို့ ဝမ်းနည်းခဲ့ရပါတယ်။ သူတို့ အနေနဲ့ သူတို့ ရဲ့နယ်မြေဒေသ ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ကောင်းမွန်တဲ့အုပ်ချုပ်မှု စနစ်လိုအပ်တယ်လို့  ထင်မြင်ခဲ့ကြပါတယ်။ ဘာသာရေးပြသနာကလည်း နေရာတစ်ကာမှာ ဖြစ်ပွားနေပါတယ် ဗိုလ်ချုပ်အောင်ဆန်းအနေဲ့ ဘာသာရေး လွတ်လပ်ခွင့် ရှိစေရမယ်လို့ အာမခံထားပေမဲ့ ဦးနု လက်ထက်မှာ ဗုဒ္ဓ၀ါဒကို ဖွံ့ ဖြိုးလာအောင် လုပ်ဆောင်နေခဲ့ပါတယ်။ ဘုန်းကြီးတွေကိုလည်း တရားထိုင်ခြင်းတွေမှာ ဦးဆောင်ပေးဖို့ စည်းရုံးခဲ့ပါတယ်။
သိပ်မကြာခင်မှာပဲ ဦးနုဟာ ပါလီမန် ကနေပြီး ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် အတည်ပြုလိုက်ပါတယ်။ သူ့ လုပ်ရပ်ကြောင့် အခြားဘာသာ ကိုးကွယ်သူတွေဟာ စိတ်ဆိုးခဲ့ကြပါတယ်။ တကယ်တော့ ဗမာနိုင်ငံဟာ ပြည်ပနိုင်ငံများကနေ ကြည့်ရင်တော့ အလွန်အမင်းချမ်းသာကြွယ်ဝပြီး တည်ငြိမ်အေးချမ်းနေတယ် လို့ ထင်ရပေမဲ့ လက်တွေ့ မှာတော့ တင်းမာမှုတွေ အများကြီးရှိနေပါတယ်။
1 comments:
မြနမာပြည်အကြေင်းတော့ သိပ်မသိလို့ ဖတ်ပြီး အသာပဲ
ငြိမ်နေပါတယ်...ဗဟုသုတအဖြစ်တော့ မှတ်သွားတယ်..
ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးပဲ ဦးလေးရေ...:P
by da way..
koo
Post a Comment